Monday, December 16, 2013

ဝမ်းပျက်ဝမ်းလျှောနေချိန် ဆောင်သင့်၊ ရှောင်သင့်သည့် အချက်များ

ဝမ်းလျှောတယ်ဆိုတာ  ယေဘုယျအားဖြင့် ပျော့ပျောင်းတဲ့  အရည်ကြည်ဝမ်းတွေ သွားနေပြီး မကြာခဏ ဝမ်းသွားနေတဲ့ အခြေအနေကို ခေါ်ပါတယ်။  ဝမ်းလျှောတာ က အများအားဖြင့် နှစ်ရက်လောက်ပဲ ကြာပေမယ့် ကြာရှည်ဝမ်းသွားတဲ့ အခြေအနေဆိုရင် နှစ်ရက်ကျော် ကြာတဲ့အထိ ဝမ်းသွားတတ်ပါတယ်။ ဒီအခြေ အနေမျိုးမှာ ရေဓာတ်ခမ်းခြောက်မှု ဖြစ်တတ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာက ဘက်တီးရီးယားပိုး ဝင်တာ၊ ဗိုင်းရပ်စ်ပိုး ဝင်တာ၊ အစာနဲ့ မတည့်တာ၊ ကပ်ပါးပိုးတွေ ဝင်တာ၊ ဆေးနဲ့ မတည့်တာနဲ့ အူလမ်းကြောင်း ဆိုင်ရာရောဂါတွေကြောင့် ဖြစ် တတ်ပါတယ်။ ဝမ်းပျက်တဲ့အခါ ခံစားရတဲ့ လက္ခဏာတွေက ဗိုက်အောင့်တာ၊ လေ ထတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ အိမ်သာကို အလောတကြီး သွားချင်စိတ် ပေါ်တာ စတာတွေ ဖြစ်ပါတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဝမ်းပျက်ပါစေ၊ ဝမ်းပျက်ဝမ်းလျှောနေချိန်မှာ ဆောင် သင့်၊ ရှောင်သင့်တဲ့ အချက်တွေကို သိနားလည်ထားဖို့ လိုပါတယ်။

သင်ခံစားနေရသော နာကျင်ကိုက်ခဲမှုက ပုံမှန်လား၊ အန္တရာယ်ရှိလား

 လူတိုင်းလိုလိုဟာ ခေါင်းကိုက်ခြင်း၊ ကြွက်သား တင်းတောင့်ခြင်း၊ ဗိုက်နာ ဗိုက်အောင့်ခြင်းစတဲ့ နာကျင်ကိုက် ခဲမှုကို မကြာခဏ ခံစားရတတ်ပါတယ်။ နာကျင်ကိုက်ခဲမှုဟာ ပျောက်လိုက်၊ ပြန်ဖြစ်လိုက် ဖြစ်တတ်သလို နာတာရှည် ခံစားနေရတာမျိုးလည်း ရှိပါတယ်။ ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုက ပုံမှန်ပဲလား၊ ပုံမှန်မဟုတ် ဘဲ အန္တရာယ်ရှိသလားဆိုတာ သိနိုင်ဖို့ လိုအပ်ပါတယ်။

နုံးချည့် ညောင်းညာ ကိုက်ခဲနေသူများအတွက် နည်းလမ်းလေးများ

နုံးချည့်ညောင်းညာကိုက်ခဲမှု ဝေဒနာတွေကို ခံစားရတဲ့အခါ ဘဝဟာ အနှစ်သာရ ကင်းမဲ့သလိုလို မပျော်ရွှင် မှုတွေ ခံစားရတတ်ပါတယ်။ စိတ်သွားတိုင်း ကိုယ်မပါနိုင်တာကြောင့် အချိန်ပြည့် အိပ်ရာထဲခွေပြီး လှဲလျောင်းနေချင်တတ်ပါတယ်။ ဒါကြောင့် နုံးချည့် ညောင်းညာကိုက်ခဲတတ်သူတွေ မေးလေ့ရှိတဲ့ မေးခွန်း
တွေအတွက် ကျွမ်းကျင်သူတွေ ဖြေဆိုထားတဲ့ အဖြေတွေကို ဖော်ပြပေးလိုက်ပါတယ်။


တစ်နေကုန် စွမ်းအင်အပြည့် ရှိနေစေရန် နံနက်ခင်းတွင် လုပ်ဆောင်သင့် သည့် လှည့်ကွက် ခြောက်မျိုး

အိပ်ရာ နိုးထကာစ နံနက်ခင်း အချိန်မှာ အားအင် အပြည့်နဲ့ လန်းလန်း ဆန်းဆန်း အလုပ်လုပ်နိုင်ပေမယ့် ညနေခင်းအချိန်ရောက်တဲ့အခါ ပင်ပန်းနွမ်း နယ်နေသလို ဖြစ်တတ်ပါသလား။ နံနက်ခင်းကနေ ညနေဘက် အထိ တစ်နေ့လုံး စွမ်းအင်အပြည့်ရှိပြီး စိတ်ရော ကိုယ်ပါ လန်းဆန်းတက်ကြွနေစေဖို့ အောက်ပါ နည်းခြောက်မျိုးကို လိုက်နာကြည့်ပါ။

ကျန်းမာရေးကို ထိခိုက်စေသောလုပ်ငန်းခွင် အလေ့အထ ဆိုးများ

  လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှု ခံစားရတာကြောင့် စိတ်ကျန်းမာရေးကို ထိခိုက်စေရုံသာမက နာမကျန်းမှုတွေ
လည်း ဖြစ်စေနိုင်ပါတယ်။  ဒါ့အပြင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လုပ်ငန်းခွင် အလေ့အထဆိုးတွေကို
သုတေသနတွေက လေ့လာ ဖော်ထုတ်ခဲ့ပါတယ်။


စာမေးပွဲကာလကျန်းမာနေစေရန်..... ရှောင်သင့်၊ ဆောင်သင့် သော အစာအာဟာရ

အခုဆိုရင် ကျောင်းသား၊ ကျောင်းသူ အများစုအတွက် အတန်းတင် စာမေးပွဲတွေ ဖြေဆိုနေကြရပါပြီ။ စာမေးပွဲမှာ ကောင်းကောင်း ဖြေဆိုနိုင်ဖို့ဆိုရင် သင်ခန်းစာတွေကို ကြေညက်အောင် လေ့လာထားဖို့ လိုသလို ကျန်းမာရေးလည်း ကောင်းမွန်နေဖို့ လိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ကျန်းမာဖို့ရာ အတွက် အာဟာရ ပြည့်ဝနေသင့်ပါတယ်။ စာမေး ပွဲကာလ တစ်လျှောက်လုံးရော သင်ခန်းစာတွေကို အပြင်းအထန် မှတ်သားနေ သူတွေအနေနဲ့ပါ ကျန်းမာနေစေဖို့ စားသင့်၊ ရှောင်သင့်တဲ့ အစားအသောက်
တွေကို ရေးသားလိုက် ရပါတယ်။

မီးဖိုချောင်ထဲက အစာတို့ကိုအသုံးပြုပြီး ရောဂါဝေဒနာကုနည်းအသစ်များ

"အစာလည်း ဆေး၊ ဆေးလည်း အစာ" ဆိုသလို မီးဖိုချောင်ထဲက အစာတွေကို သုံးပြီး ရောဂါဝေဒနာတွေကို မြန်မြန်ဆန်ဆန် သက်သာအောင် ကုသနိုင်နေပါပြီ။


အကြင်နာပေးခြင်း၏ အစွမ်း

ကိုယ်ချစ်ခင်တဲ့သူတွေကို အကြင်နာအနမ်းပေးတာကြောင့် သင့်စိတ်နဲ့ခန္ဓာကို သန်စွမ်းကျန်းမာစေတဲ့ အပြင် အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

အဆီလောင်ကျွမ်းစေမည့် အကောင်းဆုံးအစာ ငါးမျိုး

ခန္ဓာကိုယ်ရှိ အဆီပိုတွေကို လောင်ကျွမ်းစေမယ့် အကောင်းဆုံးအစာ ငါးမျိုးကို ရေးသားလိုက်ရပါတယ်။


ဝမ်းဗိုက်အဆီ လျော့ကျစေမည့် နည်း ၉ သွယ်

ဝမ်းဗိုက်မှာ အဆီတွေစုပြီး ဗိုက်ပူနေလို့ စိတ်ညစ်နေသူတွေအတွက် ဗိုက်ပူတာ လျော့ကျအောင် လုပ်နိုင် မယ့် အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။

ဆေးလိပ်သောက်သော အကျင့် ပျောက်စေရန်

စွဲစွဲမြဲမြဲလုပ်ဆောင်လာခဲ့တဲ့ အလေ့အကျင့်တခုကို ဖြတ်လိုက်ဖို့ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် ဆေး လိပ်သောက်ခြင်းလို မကောင်းတဲ့အလေ့အကျင့်ဆိုရင် ဖြတ်တောက်ဖို့ ပိုတောင်ခက်ခဲပါဦးမယ်။ အမျိုးသား ကင်ဆာဌာနကနေ ဆေးလိပ်ပြတ်အောင် ဖြတ်နည်းတွေကိုအောက်ပါအတိုင်း ဖော်ပြပေးထားပါတယ်။

အယ်လ်ကိုဟော ၏ ရေတိုနှင့် ရေရှည် ကျန်းမာရေး ဆိုးကျိုးများ

အယ်လ်ကိုဟော ရဲ့ ရေတို ဆိုးကျိုးတွေက သောက်သုံးတဲ့ ပမာဏပေါ်မူ တည်နေသလို လူတစ်ဦးနဲ့ တစ်ဦးရဲ့ ခံနိုင် ရည်အပေါ်မှာလည်း မူတည်ပြီး အပြောင်းအလဲရှိပါတယ်။ အယ်လ်ကိုဟောကြောင့် ဦးနှောက်မှာ အဓိက သက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောကြောင့်ဖြစ်ပေါ်နိုင်တဲ့ ရေတိုထိခိုက်မူ တွေ ကတော့ -

အမြန်ဆုံး ရင်ပူသက်သာအောင်

မကြာခဏ ရင်ပူတာက နေထိုင် စားသောက်မှု ပုံစံနဲ့ ဆက်စပ် နေတတ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချ တာနဲ့ အစား အသောက်ကို နည်းနည်းနဲ့ မကြာခဏ စားတာတွေဟာ ရင်ပူတာကို သက်သာ စေနိုင်ပေမယ့် လတ်တလော ရင်ပူနေလို့ နေရတာ မသက်မသာ ဖြစ်နေရင် ပြုလုပ်သင့်တဲ့ နည်းတွေကို ရေးသားလိုက် ရပါတယ်။

ဆေးဝါးမလိုဘဲ အမျိုးသား စွမ်းဆောင်ရည် ပိုကောင်းမွန်စေမည့် နည်းများ

အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်ကို ပိုမို ကောင်းမွန်လာအောင် ပံ့ပိုးပေးနိုင်မယ့် ဆေးဝါးမျိုးစုံ  ရှိနေပေမယ့် ဆေးတွေကို မမှီဝဲချင်ဘူးဆိုရင် သဘာဝနည်းနဲ့ စွမ်းဆောင်ရည် ကောင်းမွန်လာစေမယ့်
အောက်ပါ နည်းလမ်းတွေကို လိုက်နာ ပေးသင့်ပါတယ်။ အမျိုးသားစွမ်းဆောင်ရည် ကောင်းစေမည့် အာဟာရ လေ့ကျင့်ခန်း လုပ်တာနဲ့အတူ လိင်တံဆီကို သွေးစီးဆင်းမှု ကောင်းစေမယ့် အစားအစာတချို့ကို တွဲဖက်စားပေးပါ။ အဲဒီအစာတွေကတော့-

Sunday, December 15, 2013

သင့်ခင်ပွန်းကို ကျွေးသင့်သော အစားအသောက် ၁၀ မျိုး

အမျိုးသားတွေ အနေနဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာရေး ကောင်းနေဖို့ အတွက် အမျှင်ဓာတ်များစွာ ပါဝင်ပြီး အဆီနည်းတဲ့ အစာတွေကို များများစားသင့်ပေမယ့် အဆင်သင့် အစာတွေကိုပဲ ဖြစ်သလို စားကြတာ များပါတယ်။  အစားအသောက် ရွေးချယ်မှု မှားယွင်းတဲ့အတွက် အဝလွန်တာ၊ နှလုံးရောဂါနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ ဒီလိုမဖြစ်စေဖို့ဆိုရင် ဇနီးသည်တွေက ဂရုစိုက်ပေးသင့်တာကြောင့် သင့်ခင်ပွန်း ကျန်းမာသက်ရှည်ဖို့အတွက် အောက်ပါ အစားအသောက်
တွေကို ကျွေးဖို့ လိုပါတယ်။

အလေးမ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်

အလေးမ တာကြောင့် အမျိုးသားတွေမှာ အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်ကြောင်း လေ့လာမှုက ဆိုပါတယ်။ ပုံမှန်အလေးမတာဟာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သုံးပုံတစ်ပုံနဲ့ အထက် လျော့ကျစေ တယ်လို့ အမျိုးသား သုံး သောင်းနှစ်ထောင် ကျော်ကို လေ့လာမှု အရ သိရကြောင်း ဆေးပညာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

အစာကို ဆေးဝါးအဖြစ် အသုံးချပြီး ပိုမိုကျန်းမာလာစေရန်

အစားအသောက်ဆိုတာ နေ့စဉ် သင့်ကျန်းမာရေးအတွက် ဆေးတစ်လက်ပါ။  ကျန်းမာဖို့ရာအတွက် တစ်နေ့ သုံးကြိမ်စားလေ့ရှိတဲ့ အစားအသောက်ထဲမှာ ဘယ်လို အာဟာရကို များများ ထည့်စားသင့်ပြီး ဘယ်လို အစားအသောက်တွေကို လျှော့စားသင့်တယ်၊ ရှောင်သင့်တယ်ဆိုတာ သိစေဖို့ ရေးသားလိုက်ရပါတယ်။

ဆံပင် ထူထဲ လှပစေမည့် အစာအစားနည်းများနှင့် သဘာဝ ကုထုံးများ

ခေါင်းလျှော်ရည်နဲ့ မတည့်တာကြောင့်၊ အသုံးပြုတဲ့ ဆံပင်သုံး ပစ္စည်းတွေထဲက ဓာတုပစ္စည်းတွေကြောင့် စတဲ့ အကြောင်းတွေကြောင့် ဆံပင်တွေ ကျဲပါးလာတတ်ပါတယ်။  ဆံကေသာ ကျန်းမာရေးအတွက် နေ့စဉ် စားသောက်တဲ့ အစားအသောက်တွေကလည်း အရေးပါနေ ပါတယ်။ ဒါကြောင့် ဆံပင်သား ထူထဲ လှပအောင် အစာစားရာမှာ လိုက်နာသင့်တဲ့ နည်းတွေကို အကြံပြုလိုက်ပါတယ်။

မျက်ဝန်းမှတစ်ဆင့် သိနိုင်သော သူ့အကြောင်း

မျက်ဝန်းဆိုတာ စိတ်ရဲ့ ပြတင်းပေါက်ဆိုတဲ့ ရှေးဆိုရိုးတစ်ခု ရှိပါတယ်။ ရှေးဟောင်း တရုတ်အနုပညာအရ မျက်နှာဖတ်သူတွေက မျက်ဝန်းပုံသဏ္ဌာန်ကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို သိနိုင်တယ်လို့ ဆိုကြပါတယ်။

သင့်ကား သို့မဟုတ် လက်ကိုင်အိတ်ထဲတွင် ရှိသင့်သော ဆေးပစ္စည်း ရှစ်မျိုး

နေ့စဉ် သွားလာလှုပ်ရှားရင်း မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိတတ်ပါတယ်။  အဲဒီအခါမှာ ရှေးဦးသူနာပြုစုတဲ့ အနေနဲ့ အမြန်ဆုံး ကုသမှုပေးနိုင်ဖို့ သင့်ကားထဲ ဒါမှမဟုတ် လက်ကိုင်အိတ်ထဲမှာ မရှိမဖြစ် ဆောင်သင့်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို ရေးသားလိုက်ရပါတယ်။