Tuesday, December 17, 2013

ဆီးကျိတ်ကင်ဆာ

ဆီးကျိတ် ကင်ဆာသည် အမျိုးသား များတွင် အဖြစ် အများ ဆုံးကင်ဆာဖြစ် သည်။ ၎င်း ရောဂါဖြင့် သေဆုံးမှုနှုန်း မြင့်မား လှသော်လည်း စောစီးစွာ သိရှိပြီး ကုသမှု ခံယူလျှင် ရောဂါကို ထိန်းချုပ်နိုင် စွမ်း ရရှိနိုင် ပေသည်။ ထို့ကြောင့် ဆီး ကျိတ်ကင်ဆာနှင့်ပတ်သက်သော အချက်အလက်များကိုသိရှိရန်လိုအပ် ပြီး ရောဂါရှာဖွေစစ်ဆေးမှုများကို စနစ်တကျခံယူရန် လိုအပ်ပေသည်။ ထို့ပြင်လူနှစ်ယောက် ဆီးကျိတ်ကင်ဆာ ရှိကြောင်း အတူတူသိရှိနိုင်သော်လည်း ခံစားရမည့်ဝေဒနာအတိမ်အနက်မှာ တူညီမှုမရှိနိုင်ပေ။ ရောဂါပြင်းထန်မှုနှင့် ကုထုံးများမှာလည်း တစ်ဦးနှင့်တစ်ဦး ကွာခြားမှုရှိပေသည်။
ဆီးကျိတ်ကင်ဆာများကို ၎င်းတို့ ၏ ရောဂါပျံ့နှံပုံကို အခြေခံ၍ 'ကြောင်' နှင့်'ကျား'ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ ပထမတစ်မျိုးမှာ အလွန်နှေးကွေးစွာသာ ကြီးထွားပြီး ဆီးကျိတ်၏အပြင်ကို ကျော် လွန်ကာ ကင်ဆာဆဲလ်များပျံ့နှံ့မှုမရှိ သော မပြင်းထန်သည့် အမျိုးအစားဖြစ် သည်။ နောက်တစ်မျိုးမှာ ပတ်ဝန်းကျင် ရှိ အင်္ဂါများသို့ပျံ့နှံ့နိုင်သော လွန်စွာ ကြီးထွားမြန်သည့် ကင်ဆာအမျိုးအစား ဖြစ်သည်။ ၎င်းကင်ဆာအမျိုးအစား နှစ်မျိုးကို ရောဂါနုစဉ်ကပင်ခွဲခြားနိုင်ပြီး သင့်တော်သော ကုသမှုပေးရန် နည်း လမ်းများကို သိရှိနိုင်ရန် လေ့လာမှု များပြုလုပ်နေကြဆဲဖြစ်သည်။ဆီးကျိတ်ကင်ဆာနှင့်ပတ်သက်၍ အထင်မှား၊ အမြင်မှားဖြစ်လေ့ရှိသော အချက်များကို အောက်တွင်ဖော်ပြလိုက် ပါသည်။

၁။ ဆီးကျိတ်ကင်ဆာဆိုသော သေဆုံးမှုနှုန်းနည်းပြီး အန္တရာယ် သိပ်မရှိတဲ့ကင်ဆာပါ။

ဆီးကျိတ်ကင်ဆာသည် သေဆုံးမှု နှုန်းဖြင့်ကြည့်လျှင် အမျိုးသားများတွင် အဆုတ်ကင်ဆာနောက် ဒုတိယနေရာ၌ ရပ်တည်နေပြီး အမေရိကန်ပြည်ထောင် စု တစ်ခုတည်းမှာပင် နှစ်စဉ်အမျိုးသား ၃ဝ,ဝဝဝ ခန့်သေဆုံးနေသည်။ မှတ်သား ရမည့်အချက်မှာ မည်မျှပင်နှေးကွေးစွာ ကြီးထွားသော ဆီးကျိတ်ကင်ဆာဖြစ်စေ ဂရုမစိုက်ဘဲ ထားပါက အခြားအရေး ကြီးအင်္ဂါအစိတ်အပိုင်းများသို့ပျံ့နှံ့ပြီး ဆိုး ကျီုးများရစေနိုင်သည်ဆိုသောအချက် ဖြစ်သည်။


၂။ လူကြီးတွေသာ ဆီးကျိတ် ကင်ဆာဖြစ်နိုင်တယ်။

ကင်ဆာအားလုံးနီးပါးအတွက် ဤ အချက်သည် မှန်ကန်သကဲ့သို့ ဆီးကျိတ် ကင်ဆာသည်လည်း အသက်ကြီးသူ များတွင် အဖြစ်များပါသည်။ သို့ရာ တွင် အသက် လေးဆယ်ကျော်နှင့် ငါးဆယ် ကျော် အမျိုးသားများတွင်လည်း တွေ့ရှိ ရမှုပိုများပြားလာပါသည်။


၃။ ဘာလက္ခဏာမှမပြရင် ရောဂါမရှိဘူး။ ဤအယူအဆသည် အလွန်အန္တ ရာယ်များသော အယူအဆဖြစ်သည်။

အစောပိုင်းအဆင့် ဆီးကျိတ်ကင်ဆာ သည် ဘာရောဂါလက္ခဏာမှ ပြလေ့မရှိ ပါ။ သင့်အနေဖြင့် ဆီးကျိတ်ကင်ဆာ အားနုစဉ်အဆင့်၌ ရှာဖွေတွေ့ရှိလျှင် အလွန်အကျွံကံကောင်းသူဟု မှတ်ယူ သင့်ပေသည်။ PSA တိုင်းတာခြင်း (PSA Test)သည် ရောဂါလက္ခဏာမပြမီ ဆီးကျိတ်ကင်ဆာကိုအဖြေထုတ်ပေးနိုင် ပါသည်။ ဆီးကျိတ်ကင်ဆာရင့်လာသည် နှင့်အမျှ တင်ပဆုံတစ်ဝိုက်နာကျင်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ ဆီးမထိန်းနိုင် ခြင်း၊ ဆီးတစ်စက်စက်သွားခြင်းစသည့် ဆီးသွားခြင်းဆိုင်ရာ ပြဿနာများဖြစ် ပေါ်လာတတ်သည်။ သို့သော် ဤလက္ခ ဏာများသည် ကင်ဆာမဟုတ်သော ဆီးကျိတ်ရောဂါများတွင်လည်း တွေ့ရ တတ်ပြန်သည်။ မည်သို့ပင်ဆိုစေ ရောဂါ လက္ခဏာများပေါ်လာသည်ထိ စောင့် ဆိုင်းခြင်းသည် ကင်ဆာကိုပိုမိုကြီးထွား စေပြီးကုသရပိုခက်စေနိုင်သဖြင့် အန္တ ရာယ်များလှပါသည်။


၎။ PSA နည်းနေရင် ဆီး ကျိတ်ကင်ဆာမရှိဘူး။

PSA တိုင်းတာခြင်းသည် ဆီး ကျိတ်ကင်ဆာကို ရှာဖွေရန် အသုံးများ သော စစ်ဆေးမှုတစ်ခုဖြစ်သော်လည်း အခါတိုင်းပုံသေထွက်၍မရပေ။ ဆီး ကျိတ်ကင်ဆာ၏ အစောပိုင်းအဆင့် များတွင် သွေးတွင်းရှီ PSA ပမာဏမှာ ပြောင်းလဲခြင်းမရှိပေ။ ဤအခြေအနေ နှင့် ကြုံတွေ့လာပါက ဆီးကျိတ်ကင် ဆာရှိ၊ မရှီသေချာရန် အသေချာဆုံးနှင့် တစ်ခုတည်းသော နည်းလမ်းမျာ ဆီး ကျိတ်အသားစယူကာ စစ်ဆေးကြည့်ရန် ပင်ဖြစ်သည်။


၅။ PSA များနေရင် ဆီးကျိတ် ကင်ဆာရှိတယ်လို့ဆိုနိုင်တယ်။

PSA တိုင်းတာခြင်းသည် ဆီး ကျိတ်ကင်ဆာအတွက် သေချာပေါက် ပြောနိုင်သော စစ်ဆေးမှုတစ်ခုတော့ မ ဟုတ်ပေ။ PSA မြင့်တက်ခြင်းသည် ဆီးကျိတ်တွင် ရောဂါတစ်ခုခုဖြစ်နေ ကြောင်းဖော်ပြခြင်းသာဖြစ်ပြီး ၎င်း PSA ပမာဏကို လူနာ၏ အသက်အရွယ်၊ ဆီးကျိတ်တွင် ရောဂါတစ်ခုခုဖြစ်ခြင်း၊ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ စသည့် ကိစ္စအတော်များများက ပြောင်း လဲစေနိုင်သည်။ ယုတ်စွအဆုံးစက်ဘီးစီး ခြင်းသည်ပင် ဏှဗ ကိုမြင့်တက်စေနိုင် သည်။ ဆီးကျိတ်ကင်ဆာသည် သွေး တွင်း ဏှဗ ပမာဏများပြားရခြင်း၏ အကြောင်းရင်းများစွာထဲမှ တစ်ခုသာ ဖြစ်သည်။ PSA ပမာဏမြင့်မားနိုင် သည့်အခြားအခြေအနေများမှာ ရိုးရိုးဆီး ကျိတ်ကြီးခြင်း (benign prostatic hypertnophy) နှင့် ဆီးကျိတ်ရောင် ရမ်းခြင်း (prostatitis) တို့ဖြစ်ကြ သည်။



၆။ PSA နည်းနေရင် စအိုထဲ လက်ထည့်စမ်းသပ်ခြင်း လုပ်ရန် မလို။

စအိုထဲလက်ညှိုးထည့် စမ်းသပ် ခြင်း (Digital Rectal Examination) သည် ဆရာဝန်တစ်ယောက်က ဆီးကျိတ်အား စမ်းသပ်နိုင်သည့် တစ် ခုတည်းသော နည်းလမ်းဖြစ်သည်။ ထိုသို့စစ်ဆေးခြင်းဖြင့် ဆီးကျိတ်မျက်နှာ ပြင်ပေါ်မှ အဖုအလုံး သို့မဟုတ် ပုံမမှန် မှုများကို စမ်းသပ်သိရှိနိုင်သည်။ ၎င်း သည် ဆီးကျိတ်ကင်ဆာရှိနိုင်သည်ဆို သောသံသယကို နှိုးဆွပေးနိုင်သည်။ သွေးတွင်း PSA တိုင်းတာခြင်းနှင့် စ အိုတွင်းလက်ညှိုးထည့်စမ်းသပ်ခြင်းတို့ သည်သိသာသောလက္ခဏာများမပေါ်မီ ဆီးကျိတ်ကင်ဆာကို အစောပိုင်းအဆင့် များတည်းက ရှာဖွေတွေ့ရှိစေနိုင်သော အရေးကြီးသည့် အဆင့်တစ်ခုဖြစ်သည်။


၇။ ဆီးကျိတ်ကင်ဆာကို ကုသ မှုခံယူခြင်းဖြင့် ပန်းသေခြင်း၊ ဆီး မထိန်းနိုင်ခြင်းတို့ ဖြစ်တတ်ပါ တယ်။

ဤအချက်သည် အမျိုးသားများ အား ဆီးကျိတ်ကင်ဆာကို သေချာကု သမှုခံယူခြင်းမှ ဝေးအောင်ပြုလုပ်သော ကြောက်ရွံ့မှုကြီးများထဲမှ တစ်ခုဖြစ် သည်။ ပန်းသေ၊ ပန်းညှိုးဖြစ်ခြင်းနှင့် ဆီးမထိန်းနိုင်ခြင်းတို့သည် ခွဲစိတ်ခြင်း သို့မဟုတ် ဓာတ်ကင်ခြင်းတို့ကြောင့် လူနာအချို့တွင် ဖြစ်ပွားတတ်သော ပြဿနာများဖြစ်သော်လည်း ကုသမှုခံ ယူသောလူနာတိုင်းတွင် ဖြစ်ပေါ်လေ့မရှိ ပါ။ အကယ်၍ မတော်တဆ ဤအခြေ အနေများနှင့် ကြုံကြိုက်လာပါကလည်း ကုသမှုနည်းလမ်းများစွာရှိနေပါသည်။



၈။ ဆီးကျိတ်ကင်ဆာအတွက် ဓာတ်ကင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကိုဖြစ်စေတယ်။

လူနာအတော်များများသည် ဓာတ် ကင်ကုသခြင်းနှင့်ပတ်သက်၍ သူကြား ကြားဖူးနားဝဆိုးကျိုးများကြောင့် ဆီး ကျိတ်ကင်ဆာအတွက် ဓာတ်ကင်ခြင်း ကို ရှောင်လွှဲလေ့ရှိတတ်ကြသည်။ အချို့ လူနာများက သူတို့ထိတွေ့ရမည့် ဓာတ် ရောင်ခြည်ပမာဏလိုသည်ထက်ပိုမည် ကိုကြောက်ရွံ့ကြသည်။ အချို့က ဓာတ် ကင်ခြင်းဖြင့် အနီးအနားရှိ အခြားအင်္ဂါ များထိခိုက်မည်ကို စိုးရိမ်ကြသည်။ ဤ အချက်များအားလံးသည် အခြေအမြစ် မရှိသော ယုံကြည်မှုများသာဖြစ်သည်။ ဆီးကျိတ်ကင်ဆာအတွက်ပြုလုပ်သော External beam radiation Therapy တွင် ဓာတ်ရောင်ခြည်တန်းလေးသည် အရေပြားကိုဖြတ်၍ ကင်ဆာဖြစ်နေ သော နေရာကိုသာ တိတိကျကျရောက် ပြီး ကင်ဆာဆဲလ်များအားသေစေကာ အခြားနေရာများကိုပျံ့နှံ့ခြင်းကိုကာကွယ် ပေးသည်။ ဖြစ်နိုင်သော ဆိုးကျိုးများ နည်းပါးစေရန်လည်း ဓာတ်ကင်ခြင်းကို တစ်ပတ်လျှင် ငါးရက်မျှဖြင့် ရက်သတ္တ ပတ်အတော်များများသာ ပြုလုပ်လေ့ရှိ သည်။ လေ့လာမှုများအရလည်း External beam radiation therapy သည် ဆီးကျိတ်ခွဲစိတ်ဖြတ်ထုတ်ခြင်း (prostatectory) အပါအဝင် အခြား ကုသနည်းများကဲ့သို့ပင် လုံခြုံပြီး၊ ထိ ရောက်မှုရှိကြောင်း တွေ့ရှိရပါသည်။


၉။ တက်စတိုစတီရုန်း အစား ထိုးပေးကုသမှုများဟာ ဆီးကျိတ် ကင်ဆာကိုဖြစ်စေနိုင်တယ်။

တက်စတိုစတီရုန်းပမာဏ သွေး တွင်းမြင့်တက်ခြင်းသည် ဆီးကျိတ် ကင်ဆာဖြစ်ပွားမှုမြင့်မားခြင်းနှင့် ပတ် သက်နေကြောင်းဖော်ပြသည့်သိပ္ပံနည်း ကျ အချက်အလက်များမရှိပါ။ တက်စ တိုတီရုန်း အစားထိုးပေးကုသမှုများသည် လည်း ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို မြင့်မားစေကြောင်း မတွေ့ရှိရပေ။ ထို့ ပြင် ဆီးကျိတ်ကင်ဆာဟု အသားစနမူ နာအား စစ်ဆေးရာတွင် တွေ့ရသော သူများ၌ သွေးတွင်းတက်စတိုစတီရုန်း နည်းပါးမှုကြောင့် ဆေးကုသမှုခံယူနေရ သူများ ပါဝင်ပေသည်။ ထို့ကြောင့် သွေး တွင်းတက်စတိုစတီရုန်းပမာဏနည်းပါး ခြင်းသည်လည်း ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင်စွမ်းမရှိကြောင်းသိရှိရသည်။



Ref; The Top Ten Prostate Cancer myths by Dr.Sunita Khatri, Steadyhealth

ရွှေအိမ်စည်စာကြည့်တိုက်

No comments:

Post a Comment