Tuesday, December 17, 2013

ကိုယ်ဝန်ဆောင်ချိန် ရှောင်သင့်သော အပြုအမူသုံးရပ်

ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတစ်ဦးရဲ့ ဘဝမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ မိခင်ရောသန္ဓေသားပါ ကျန်းမာစေဖို့အတွက် အောက်ပါ အပြုအမူသုံးရပ်ကို ရှောင်သင့်ပါတယ်။



(၁) နေပူဆာလှုံခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ခရမ်းလွန်ရောင်ခြည်ကို အလွန်အမင်း ထိလွယ်ခိုက်လွယ်ရှိတတ်ပြီး ခရမ်းလွန်
ရောင်ခြည်ကြောင့်အရေပြားကနေ ရောင်ခြယ်ပစ္စည်းထွက်ရှိမှု မြင့်မားစေပါတယ်။ ဒါကြောင့် နေပူဆာ မလှုံ သင့်ပါ။ ဒါမှမဟုတ် ခရမ်းလွန်ရောင်ခြည်အဆင့်မြင့်မားတဲ့အချိန် အပြင်မထွက်သင့်ပါ။


(၂) ဆရာဝန်ညွှန်ကြားချက်မရှိဘဲ အကိုက်အခဲပျောက်ဆေးသောက်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဆရာဝန်ရဲ့ ညွှန်ကြားချက်မရှိဘဲဘာဆေးကိုမှ မသောက်သင့်ပါဘူး။ ခေါင်းကိုက်နေ ရင် သွေးတိုးသလား၊ တုပ်ကွေးဖျားသလား စတဲ့ အခြေခံအကြောင်းရင်းကိုရှာဖွေ ဖို့လိုတာကြောင့် ဆရာ ဝန်နဲ့ ပြသပြီး ဆရာဝန်ညွှန်ကြားမှဆေးသောက်ပါ။


(၃) ကွန်ပျူတာရှေ့တွင် နှစ်နာရီကျော် ကြာထိုင်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ အချိန်နှစ်နာရီကျော်ကြာတဲ့အထိကွန်ပျူတာရှေ့မှာ မထိုင်သင့်ပါဘူး။ ကွန်ပျူတာ
ရှေ့မှာ ကြာကြာထိုင်တာကြောင့် ခါးနာတာ၊ ခြေထောက်ရောင်တာတို့ ဖြစ်စေနိုင်တဲ့အပြင် တင်ပဆုံတွင်း ဆီကို သွေးလှည့်ပတ်စီးဆင်းမှု ဟန့်တားစေတာကြောင့် သန္ဓေသားဆီကို အာဟာရဓာတ်ရောက်ရှိမှုလျော့
နည်းစေပါတယ်။ ကွန်ပျူတာရှေ့မှာ ထိုင်တဲ့ကြာချိန် နှစ်နာရီကြာတိုင်း မတ်တတ်ရပ်ကာ လမ်းလျှောက်ပေး သင့်ပါတယ်။

ဇွန်

No comments:

Post a Comment