Tuesday, December 17, 2013

မြန်မာအမျိုးသမီးဘောလုံးအသင်း


ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် အမျိုးသမီး ကစားသမား စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

ဆီးဂိမ်းအမှတ်တရ

နှစ်ပေါင်း (၄၀)ကျော် ၄၄နှစ်လောက်ကြာ ၂၀၁၃ခုနှစ် (၂၇)နှစ်မြောက် SeaGame ဆီးဂိမ်းပြိုင်ပွဲ၊ မြန်မာ ဘောလုံးအသင်းနည်းပြ တောင်ကိုးရီးယားမှ ပတ်ဆောင်ဟွာ အမှတ်တရ ဟီးဟီး

၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့ မြန်မာ နှင့် အင်ဒိုနီရှား ရှုံးထွက်ပွဲတွင် အင်ဒို ၁ - ၀ မြန်မာ ရှုံးနိမ့်ပြီး နေပြည်တော် အားကစားကွင်းကို မလှမ်းနိုင်ခဲ့။


ကျန်းမာရေးအတွက် ချစ်ခြင်းမေတ္တာ၏ အသုံးဝင်ပုံများ

ချစ်ခြင်းမေတ္တာက ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ရှိပါတယ်။ ချစ်သူရဲ့ ချစ်ခြင်းမေတ္တာ၊ အိမ်ထောင်ဖက်ရဲ့ ချစ်ခြင်း
မေတ္တာ၊ မိဘဆွေမျိုးတွေရဲ့ ချစ်ခြင်းမေတ္တာ၊ မောင်နှမတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ မိတ်ဆွေသူငယ်ချင်းတွေ ရဲ့ ချစ်ခြင်းမေတ္တာဆိုပြီး ပုံစံအမျိုးမျိုး ရှိတဲ့အနက် ချစ်ခြင်းမေတ္တာပုံစံအားလုံးဟာ သင့်ဘဝကို ပိုပြီးပျော်ရွှင်မှု ရရှိစေပြီး ပိုမိုကျန်းမာစေပါတယ်။

ကျန်းမာရေးအတွက် ဆား၏ အသုံးဝင်ပုံများ

လည်ချောင်းနာတာ၊ သွားကိုက်တာ၊ ခြင်ကိုက်တာ၊ သွားဖုံးနာတာနဲ့ မီးပူလောင်တာစတဲ့ ဝေဒနာတွေ အတွက်ဆားကို အသုံးပြုနိုင်ပါတယ်။ ကျန်းမာရေးအတွက် အနာကျက်စေနိုင်တဲ့ ဆားကို အသုံးပြုနိုင်ပါ တယ်။

အသက်လေးလမတိုင်မီနှင့် ခြောက်လကျော်ချိန်တွင်မှ - ဖြည့်စွက်စာစတင်ကျွေးသည့် ကလေးများ အမျိုးအစား(၁) ဆီးချိုရောဂါဖြစ်နိုင်ခြေမြင့်မား

ကလေးငယ်များကို ဖြည့်စွက်စာ စောစီးစွာစတင်ကျွေးခြင်း နှင့် နောက်ကျမှ ကျွေးခြင်းတို့သည် ကိုယ်ခံအား စနစ်တွင် ပါဝင်သောဆဲလ်များ ဖောက်ပြန်မှုကြောင့် ကိုယ်တွင်းစနစ် များကို ပြန်တိုက်ဖျက်သောဝေဒနာ  (Autoimmune Disease) ဖြစ်နိုင်ခြေမြင့်မားကြောင်းသိရသည်။

အသက် လေးလမတိုင်ခင် မိခင်နို့ဖြတ်ပြီး ဖြည့်စွက်စာစကျွေးလျှင် အမျိုးအစား (၁) ဆီးချိုရောဂါ ဖြစ်နိုင်
ခြေနှစ်ဆမြင့်မားကြောင်းနှင့် ခြောက်လနှင့်အထက်မှ ဖြည့်စွက်စာ စကျွေးလျှင်ရောဂါဖြစ်နိုင်ခြေ သုံးဆမြင့် မားကြောင်းသိရသည်။

နှလုံးကျန်းမာစေရန် အသက် ၂၀ အရွယ်ကတည်းက ကာကွယ်ပါ

 ♦ ဆေးလိပ်သောက်သူများနှင့် ဝေးဝေးမှာနေပါ

ဒီအရွယ်က အပေါင်းအသင်းမင်တဲ့ အရွယ်ဖြစ်သလို အပေါင်းအသင်းတွေထဲမှာလည်း ဆေးလိပ်သောက် သူက ခပ်များများ ဖြစ်နေတတ်ပါတယ်။ ဆေးလိပ်သောက်တာက နှလုံးရောဂါနဲ့ နံပါတ်တစ် ရန်သူဖြစ်ပါ တယ်။ စီးကရက်နည်းနည်းသောက်ရုံနဲ့တင် နှလုံးကျန်းမာရေး ထိခိုက်တတ်ပါတယ်။ မွန်ထရီရယ်ရှိ မက်ဂီး တက္ကသိုလ်မှ လေ့လာမှုအသစ်အရ တစ်နေ့မှာ စီးကရက် တစ်လိပ်သောက်ရုံနဲ့ သွေးကြောတွေကိုမာကျော သွားစေတယ်လို့ သိရပါတယ်။ ဆေးလိပ်သောက်တာကြောင့်အမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်းထွက် ရှိမှု လျော့နည်းကာ သွေးမဆုံးခင် နှလုံးရောဂါထနိုင်ခြေရှိပါတယ်။

သင့်ကလေးငယ် စိတ်ဓာတ်ကျနေသလား

ကလေးတွေဟာလည်း လူကြီးတွေလိုပဲ စိတ်ဓာတ်ကျတတ်ပါတယ်။ ကလေးတွေ စိတ်ဓာတ်ကျနေတဲ့အခါ အုပ်ထိန်းသူ လူကြီးမိဘတွေက သိနားလည်ပြီး ကလေးငယ်ရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်စေဖို့ ပံ့ပိုးပေးသင့်ပါတယ်။

အသက်ကြီးသည်အထိ ဦးနှောက်စွမ်းအား ထိန်းထားနိုင်စေရန်

အသက်ကြီးတယ်ဆိုတာ ဘ၀ရဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးတဲ့အထိ မှတ်ဥာဏ်ကောင်းမွန်နေဖို့ နဲ့ ဦးနှောက်စွမ်းရည်တက်ကြွနေစေဖို့ရာ မှန်ကန်တဲ့ အာဟာရဓာတ်နဲ့လေ့ကျင့်ခန်းတွေ လိုအပ်ပါတယ်။
အောက်ပါနည်းတွေဟာ အသက်အရွယ်ကြီးရင့်ချိန်အထိ ဦးနှောက်ကို တက်ကြွသန်စွမ်းစေမယ့် နည်းတွေ
ဖြစ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောနေစဉ် အမြန်ဆုံး သက်သာစေမည့် နည်းများ

ဝမ်းပျက်ဝမ်းလျှောနေချိန်မှာ နုံးပြီး ပင်ပန်းနွယ်နယ်နေတတ်ပါတယ်။ အဲဒီအချိန်မှာ ဝေဒနာ သက်သာပြီး အမြန်ဆုံးပြန်လည် လန်းဆန်းလာစေဖို့ အောက်ပါနည်းတွေကို လိုက်နာပေးသင့်ပါတယ်။

ငြင်းခုံရန်ဖြစ်မှုနည်းသော အိမ်ထောင်သည်များ ပိုမိုကျန်းမာသက်ရှည်ကြ

 အိမ်ထောင်သည်တို့အား နှစ် ၂ဝကြာ လေ့လာမှုအရ ငြင်းခုံရန်ဖြစ်ခြင်းမရှိသည့် စုံတွဲများသည် ပုံမှန် ငြင်းခုံ ရန်ဖြစ်သည့်စုံတွဲများထက် ပိုမိုကျန်းမာသက်ရှည်ကြကြောင်း သိရသည်။ ခင်ပွန်းနှင့် ဇနီးတို့အကြား ငွေရေးကြေးရေးကိစ္စ၊ သူ့ဘက်ကိုယ့်ဘက် ဆွေမျိုးများ၊ ကြည့်လိုသည့် တီဗီအစီအစဉ် အစရှိသည့် ငြင်းခုံရန်ဖြစ်စေသော အကြောင်းရင်းများစွာ ရှိသည့်အနက် ထိုသို့ငြင်းခုံရန်ဖြစ်ရခြင်းကြောင့် ကျန်းမာရေးအခြေအနေကို ဆိုးရွားစေကြောင်း ဘရိုင်ဟမ်တက္ကသိုလ်မှ လေ့လာသူတို့က ရှင်းပြသည်။

အချိုကြိုက်သူတို့အတွက် ကျန်းမာရေးနှင့်အညီ အစားထိုး စားသင့်သည်များ

လူအများစုဟာ ချောကလက်ချောင်း၊ ကွတ်ကီး၊ ရေခဲမုန့်နဲ့ သကြားများတဲ့ အချိုရည်စတာတွေကို တစ်ချိန် မဟုတ် တစ်ချိန်မှာ စားချင်စိတ် ပြင်းပြတတ်ကြပါတယ်။ အဲဒီအချိန်မှာ လျှာအရသာခံအဖုတွေ စိတ်ကျေနပ်
ပြီးရောသဘောမျိုးနဲ့ တွေ့ကရာ အစားအသောက်တွေအစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်
တွေကို စားသင့်ပါတယ်။

နှလုံးထိခိုက်စေသည့် အကျင့်ဆိုး ခုနစ်ရပ်

 (၁) အရက် အလွန်အမင်း သောက်ခြင်း

အရက်ကို အလွန်အမင်းသောက်တာကြောင့် နှလုံးအပေါ် ကြီးမားတဲ့သက်ရောက်မှုကို ဖြစ်စေရုံသာမက အရက်ကို ကြာရှည် သောက်သုံးတဲ့အတွက်နှလုံးမှာ ထိခိုက်မှု ဖြစ်
စေနိုင်ပါတယ်။ အရက်သောက်တာကြောင့် အသည်း၊ အရိုး၊ မှတ်ဥာဏ်တို့ကို ထိခိုက်စေရုံသာမကနှလုံးရောဂါနဲ့
သွေးတိုးရောဂါဖြစ်နိုင်ခြေတို့ကိုတိုးမြင့်စေပါတယ်။

အရက်ဖြတ်တာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို ၅ဝ ရာခိုင်နှုန်းလျော့ကျစေပါတယ်။

ဆီးချိုရောဂါရှိသူတို့အတွက် အကောင်းဆုံးနှင့်အဆိုးဆုံး အရည်များ

သင့်မှာ ဆီးချိုရောဂါရှိတဲ့အခါ သင့်တော်တဲ့အရည်ကို ရွေးချယ်သောက်သုံးရပါတယ်။ နေ့စဉ် လူအများစု
သောက်သုံးနေကျ ရေ၊ နွားနို့၊ လက်ဖက်ရည်၊ ကော်ဖီ၊ Diet ဆော်ဒါ၊ ရိုးရိုးဆော်ဒါ၊ သကြားပါတဲ့ သစ်သီး
ဖျော်ရည်နဲ့သစ်သီးဖျော်ရည်စတဲ့ အရည်အမျိုးအစားခုနစ်မျိုးကို မသောက်ခင်မှာ သင့်အတွက် သင့်တော်မှု ရှိ၊ မရှိသိနိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။

အမျိုးသားတို့ လိင်ဆန္ဒကိုထိခိုက်စေနိုင်သည့် အကြောင်းများ

အမျိုးသားတွေရဲ့ လိင်ဆန္ဒကိုထိခိုက်စေတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ဘဝနေထိုင် စားသောက်မှု ပုံစံတွေ ရှိပါတယ်။ အဲဒါတွေကတော့ ဆေးလိပ်သောက်တာ၊ အရက်ကို အလွန်အမင်းသောက်တာ၊ စိတ်ဖိစီးမှုများ တာစတဲ့အချက်တွေ ဖြစ်ပါတယ်။ ဒါ့အပြင်အမျိုးသားတွေရဲ့ လိင်ဆန္ဒ ထိခိုက်စေနိုင်တဲ့ ဆေးတွေအကြောင်း ကိုလည်းဖော်ပြပေးလိုက်ပါတယ်။

သင့်ကို မွေးစဉ်က သင့်မိခင် အသက်ငယ်လျှင် ကျန်းမာသက်ရှည်နိုင်

 ငွေစုစံ

နွယ်ချို၏ ကျန်းမာရေး အကျိုးကျေးဇူးများ

 စိတ်ဓာတ်ကျခြင်း

နွယ်ချိုအမြစ်ထဲမှာ တွေ့ရတဲ့ ဂလီဆိုင်ရစ်ဇစ်အက်စစ် (Glycyrhizic Acid) ဟာ အဒရီနယ်ဂလင်းရဲ့ လုပ် ငန်းဆောင်တာတွေကို အားကောင်းစေပြီး စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကများတာကို သက်သာစေပါ တယ်။ အဒရီနယ်ကလင်းဟာ ကော်တီစော အပါအ၀င် စိတ်ဖိစီးမှုဟော်မုန်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။
နွယ်ချိုမှာပါတဲ့ အမိုင်နိုအက်စစ်ဟာ ခန္ဓာကိုယ် နာ့ဗ်ကြောစနစ်ရဲ့ မျှခြေကို တည်ငြိမ်အောင် ထိန်းချုပ်ပေး
နိုင်ပါတယ်။

အသက် ၆ဝ ကျော်အမျိုးသမီးတို့ ကျန်းမာနုပျိုစေရန်

အသက် ၆ဝကျော်အရွယ် အမျိုးသမီးတွေအတွက် ဘဝဆိုတာ နေပျော်ဖို့ကောင်းတဲ့အချိန်ပါ။ အသက် ၆ဝ
ကျော်ချိန်ဟာ မိတ်ဆွေအပေါင်းအသင်း၊ မိသားစု၊ သားသမီး၊ မြေးမြစ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် နုပျိုကျန်းမာ စွာနေသင့်တဲ့ အချိန်ကာလပါပဲ။ ဒီအချိန်မှာ အသက်အရွယ်ကို မေ့ထားပြီး နုပျိုတဲ့စိတ်နဲ့ နေထိုင်တတ်ဖို့ အ
ရေးကြီးပါတယ်။

တညင်းသီးစားခြင်းကြောင့် ရနိုင်သော ကောင်းကျိုး၊ ဆိုးကျိုးများ

တညင်းသီးမှာ ကျန်းမာရေးအတွက် အသုံးဝင်တဲ့ ကောင်း ကျိုးတွေ ပါဝင်ပါတယ်။ လေ့လာမှုအမျိုးမျိုးအရ တညင်းသီး မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ဖော့စ်ဖရပ်စ်၊ ကယ်လ်စီယမ်၊ အယ်လ်ကာလွိုက်၊ မရှိမဖြစ်အဆီ၊ စတီးရွိုက်၊ ဂလိုင်ကောဆိုက်၊ တန်နင်ဓာတ်နဲ့ ဆာပိုနင်ဓာတ်တို့ ပါဝင်ကြောင်း သိရပါတယ်။ ဒါပေမဲ့ တညင်း သီး စားတာကြောင့် ရရှိနိုင်တဲ့ ဆိုးကျိုးတွေလည်း ရှိနေပါ တယ်။ တချို့ကလည်း ဆိုးကျိုးလျော့နည်းစေဖို့ တညင်းသီး မှာပါတဲ့ အဆန်မျှင်လေးကို ဖယ်ထုတ်ပြီး စားပါလို့ ဆိုကြပါ တယ်။

အမျိုးသားများတွင် လိင်စိတ် လျော့နည်းရခြင်း

အမျိုးသားတွေမှာ ရောဂါဝေဒနာ ခံစားရတာနဲ့ဆေးကုသမှုခံယူရတာတွေကြောင့် လိင်စိတ်လျော့နည်းမှုဖြစ် တတ်ပါတယ်။ အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒလျော့နည်းမှု ဖြစ်စေတဲ့ အကြောင်းရင်းတွေကအောက်ပါ အ တိုင်း ဖြစ်ပါတယ်။


ကြက်ညှာချောင်းဆိုးရောဂါ

လူအများစုက ကြက်ညှာချောင်းဆိုးရောဂါကို ကလေးတွေမှာပဲ ဖြစ်တယ်လို့ထင်နေပေမယ့် အသက်အရွယ် မရွေးဖြစ်တတ်ပါတယ်။ ချောင်းဆိုးတာကို မထိန်းနိုင်ဖြစ်ရသလို အသက်ရှူရခက်ခဲတဲ့ ဒီရောဂါဟာမွေးကင်း စကလေးတွေမှာဆိုရင် စိုးရိမ်ရပါတယ်။ ကြက်ညှာချောင်းဆိုးကာကွယ်ဆေးကို ၁၉၄ဝပြည့်နှစ်က တည်းက စတင်ထုတ်ခဲ့တဲ့အတွက် ရောဂါဖြစ်နှုန်းကျဆင်းခဲ့ပေမယ့် အခုအခါကြက်ညှာချောင်းဆိုးဖြစ်သူတွေ ကျန်ရှိ
နေပြန်ပါတယ်၊ လွန်ခဲ့တဲ့နှစ်က အမေရိကန်မှာ ကြက်ညှာချောင်းဆိုးရောဂါရှိသူလေးသောင်း တစ်ထောင်
ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။